Sunday 2 June 2013

ကျိုက်ကော်သမိုင်း

ရွှေဘုံသာစေတီတော် တည်ထားကိုးကွယ်ခြင်း
ကျိုက်ကော် ကျေးရွာသည် မွန်ပြည်နယ် ၊သထုံမြို့ နယ်တွင်  ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် တည်ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်ပါသည်။

ကျိုက်ကော် ဟူသော အမည် ခေါ်တွင် ရခြင်းမှာ "ရွှေဘုံသာ စေတီတော် သမိုင်း အကျဉ်းချုပ် "

ကောဇာသက္ကရာဇ် ၁၁၅ ခုနှစ် ကဆုန်လ္ဆုပ်(၅) ရက် ကြာသပတေး နေ့ တွင်
 အရှင်မဟာကဿဖ၊ ရဟန္တာတစ်ထောင်၊လူနတ်ဗြမ္မာတစ်ထောင်နှင့် သိကြားမင်း တို့  က ရွှေပန်း ငါးခိုင် နှင့် သွားတော်တစ်ဆူ တို့ အား ဌာပနာတည်၍ တည်ထား ကိုးကွယ်ခဲ့ပါသည်။

ဘွဲ့ တော် မှာ ရှင်မဟာကဿဖ ဘုရား ဟု တွင်လည်း နောက် မွန်ဘာသာဖြင့် ကျိုက်ကော် (မွန်ဘာသာဖြင့် ကျိုက်-ဘုရား ၊ကော်-ပန်း) ဟု တွင်သည်။
ဘုရား တည်ပြီးသော   အခါ အနီးအနားရှိ ရွာ   ကို  ဘုရား အမည်ကို စွဲ ၍   ကျိုက်ကော်ကျေးရွာ ဟု ခေါ်ကြ
 ခြင်းဖြစ်ပါသည်။
ယခုအခါတွင် ရွှေဘုံသာစေတီတော် ဟု အမည်တွင် ပါသည်။

ရွှေဘုံသာစေတီတော် ပြန်လည်မွန်းမံခြင်း
သက္ကရာဇ် (အောင်ဇေဦးချစ် ၁၃၁၂)( ၁= အောင်၊ ၃= ဇေ  ၊၁= ဦး၊ ၂=ချစ်) သီတင်းကျွတ်လဆန်း (၈)ရက်နေ အထိ ရွှေဘုံသာ ဘုရားအား အောင်ဇေယျုံဆရာတော်ကြီး ကြီးမှူး၍ဥက္ကဌကြီး ဦးချစ်လှိုင် ဦးစီးကာ  နယ်သူနယ်သားများ က ဘက်စုံ ပြန်လည် မွန်းမံခဲ့ပါသည်။

ထိုကြောင့် ကျိုက်ကော်ကျေးရွာသည်  ရွှေဘုံသာ ဘုရားသမိုင်း မှ ကျိုက်ကော် ကျေးရွာဖြစ်ပေါ်လာပါသည်။

ရွှေဘုံသာ စေတီတော် အနောက်ဘက်မုခ်ဦး
                                                    
ရွှေဘုံသာ စေတီတော် အရှေဘက်မုခ်ဦး
                                                          
ရွှေဘုံသာဘုရား မြောက်ဘက်မုဒ်ဦး
ရွှေဘုံသာ စေတီတော်၏ ဂေါပကဥက္ကဌ များမှာ
(၁) ဦးဘခင်
(၂)ဦးအောင်ချမ်း
(၃)ဦးဘိုးထူး(၁၃၅၂ မှ ၁၃၇၄ ထိ ၂၁ နှစ်)
ယခုလက်ရှိ မှာ
(၁)ဦးငွေထွန်း         ဥက္ကဌ
(၂)ဦးဇော်ဝမ်းဦး     အတွင်းရေးမှူး
(၃)ဦးမင်းအောင်     ငွေထိန်း
(၂)ဦးသိန်းမြင့်       စာရင်းစစ် တို့  ဖြစ်ကြပါသည်။

ပြုစုရေးသားသူ- ဦးအောင်ကျော် (ပဲခူးစု)

0 comments:

Post a Comment